ဤသို့ဖြင့် ရက်ပေါင်းငါးဆယ့်နှစ်ရက်အကြာ၊ ဧလုလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် မြို့ရိုးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၏။ ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။