1
ရှင်မာကုခရစ်ဝင် 15:34
မြန်မာ့စံမီသမ္မာကျမ်း
မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ဖြစ်၏။
Compare
Explore ရှင်မာကုခရစ်ဝင် 15:34
2
ရှင်မာကုခရစ်ဝင် 15:39
ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။
Explore ရှင်မာကုခရစ်ဝင် 15:39
3
ရှင်မာကုခရစ်ဝင် 15:38
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။
Explore ရှင်မာကုခရစ်ဝင် 15:38
4
ရှင်မာကုခရစ်ဝင် 15:37
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ချုပ်ငြိမ်းတော်မူ၏။
Explore ရှင်မာကုခရစ်ဝင် 15:37
5
ရှင်မာကုခရစ်ဝင် 15:33
မွန်းတည့်ချိန်ရောက်သောအခါ မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လာ၍ မွန်းလွဲသုံးနာရီတိုင်အောင် ထိုသို့ဖြစ်လေ၏။
Explore ရှင်မာကုခရစ်ဝင် 15:33
6
ရှင်မာကုခရစ်ဝင် 15:15
ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
Explore ရှင်မာကုခရစ်ဝင် 15:15
Home
Bible
Plans
Videos