အမှန်စင်စစ် သင်တို့သည် အချိန်ကာလအရ ဆရာများဖြစ်သင့်ပြီဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားတော်၏အခြေခံကို တစ်စုံတစ်ယောက်က သင်တို့အား အစမှပြန်သင်ပေးရန်လိုအပ်နေ၏။ သင်တို့၌လိုအပ်သည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။ နို့ရည်ကိုသောက်သုံးနေသောသူတိုင်းသည် ကလေးသူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောနှုတ်ကပတ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိ။