1
ယောဟန် 3:16
ခေတ်သစ်မြန်မာ သမ္မာကျမ်း
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
Сравни
Разгледайте ယောဟန် 3:16
2
ယောဟန် 3:17
ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
Разгледайте ယောဟန် 3:17
3
ယောဟန် 3:3
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
Разгледайте ယောဟန် 3:3
4
ယောဟန် 3:18
သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။
Разгледайте ယောဟန် 3:18
5
ယောဟန် 3:19
အပြစ်စီရင်ခြင်းခံရသည့် အကြောင်းရင်းမှာ ဘုရားသခင်၏အလင်းတော်သည် ဤကမ္ဘာလောကသို့ ကြွလာသော်လည်း လူတို့သည် အကျင့်ဆိုးတို့ကို ကျင့်သောကြောင့် ထိုအလင်းတော်ထက် အမှောင်ထုကို ပို၍ နှစ်သက်ကြ၏။
Разгледайте ယောဟန် 3:19
6
ယောဟန် 3:30
ထိုအရှင်သည် သာ၍ တိုးပွားလာရမည်။ ငါမူကား ဆုတ်ယုတ်လာရမည်။
Разгледайте ယောဟန် 3:30
7
ယောဟန် 3:20
အကျင့်ဆိုးတို့ကို ကျင့်သောသူတို့သည် အလင်းကို မုန်းကြ၏။ မိမိတို့၏ အကျင့်ဆိုးများ ပေါ်လာမည်ကို စိုးသောကြောင့် အလင်းသို့ မချဉ်းကပ်ကြ။
Разгледайте ယောဟန် 3:20
8
ယောဟန် 3:36
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
Разгледайте ယောဟန် 3:36
9
ယောဟန် 3:14
မောရှေသည် တောကန္တာရ၌ ကြေးမြွေရုပ်ကို တိုင်ထိပ်တွင် မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။
Разгледайте ယောဟန် 3:14
10
ယောဟန် 3:35
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
Разгледайте ယောဟန် 3:35
Начало
Библия
Планове
Видеа