Luke 12

12
1ယင်းအချိန်မာ ထောင်ပေါင်းမကများရေ လူထုပရိတ်သတ်တိ စုဝေးလာကတ်ခါ တစ်ယောက်နဲ့တစ်ယောက် တက်နင်းမိလောက်အောင် ဖြိုက်နီကတ်တေ။ ကိုယ်တော်ယေရှုက တပည့်တော်တိကို အရင်ဆုံးမိန့်ဆိုဟာက “ဖာရိရှဲတိပိုင်မျိုး သူတော်ကောင်းယောင်ဆောင်တဲ့လူတိ ဖြိုက်မလာစီဖို့ သတိပြုကတ်ပါ။ သူရို့ရဲ့ဆိုးဝါးရေ ဩဇာလွှမ်းမိုးမှုတိဟာ တဆီးa ပိုင်မျိုး အရာလူတိပါးကို ပျံ့လားစီဟာကြောင့်ဖြိုက်တေ။ 2ဖုံးကွယ်ထားလို့ရရေအရာလို့ မဟိ။ ယင်းအရာတိဟာ လျှို့ဝှက်ထားတာလဲ တစ်ချိန်ချိန်မာ ဖော်ထုတ်ခံရဖို့ဖြိုက်တေ။ 3ယင်းဟာကြောင့် အမှောင်ထဲမာ မတ်ရို့ပြောသမျှအရာတိကို အလင်းထဲမာလည်း ကြားကတ်ရလိမ့်မယ်။ အလုံပိတ်ထားရေအခန်းထဲက တိုးတိုးချေပြောသံတိဟာလည်း အိမ်ခေါင်မိုးထက်က အော်ပြောရေပိုင် ဖြိုက်လိမ့်မယ်” လို့မိန့်တော်မူခရေ။ 4အရာ ကိုယ်တော်က “မိတ်ဆွေရို့၊ မတ်ရို့ကိုငါပြောချင်ဟာက မတ်ရို့ရဲ့ခန္ဓာကိုယ်ကို သတ်ဖို့လူကို ကြောက်စရာမလို။ သူရို့ဟာ မတ်ရို့ရဲ့ခန္ဓာကိုယ်ကလွဲပနာ အခြားအရာတိကို တစ်ခုတောင်မလုပ်နိုင်။ 5ယေတာလဲ မတ်ရို့ကြောက်ရဖို့ဟာက ဘုရားရှင်တပါးတည်းယာဖြိုက်တေ။ ဘုရားရှင်ဟာ မတ်ရို့အသက်ကို နှုတ်ယူနိုင်ဟာပင်မက ငရဲကိုလည်း ပို့နိုင်ရေအာဏာဟိရေ။ ယင်းကြောင့် ဘုရားရှင်ကိုရာ ကြောက်သင့်ရေ။ 6စာချေငါးကောင်ကို အဿရိဒင်္ဂါးb နှစ်ပြားနဲ့ ရောင်းကတ်တေမဟုတ်လား။ ယေတာလဲသို့ ဘုရားရှင်ဟာ စာချေတစ်ကောင်ကိုတောင် မမေ့ပဲ တန်ဖိုးထားတော်မူရေ။ 7မတ်ရို့ခေါင်းက ဆံပင်အရီအတွက်ကိုတောင် ဘုရားရှင်ကသိတော်မူရေ။ ယင်းဟာကြောင့် မစိုးရိမ်ကတ်ကေ့။ မတ်ရို့ဟာ စာချေတိထက် ပိုလို့တန်ဖိုးဟိရေ” လို့မိန့်တော်မူခရေ။ 8ကိုယ်တော်က ဆက်ပြီးကေ “မတ်ရို့ကို ငါပြောမေ၊ အသူမဆို ငါ့ရဲ့တပည့်အဖြိုက် လူတိရှေ့မာဝန်ခံရေလူကို လူ့သားတော်ဖြိုက်တဲ့ငါကလည်း ဘုရားရှင်ရဲ့နတ်ဒေဝါတိရှေ့မာ သူဟာ ငါ့ရဲ့တပည့်ဖြိုက်ကြောင်းကို ဝန်ခံဖို့။ 9ယေကေလဲ ငါ့ကိုလူတိရှေ့မာ ငြင်းခကေ ယင်းသူဟာ ဘုရားရှင်ရဲ့ နတ်ဒေဝါတိရှေ့မာလည်း ငြင်းပယ်ခံရလိမ့်မယ်။ 10လူ့သားတော်ကို နှုတ်နဲ့ပြစ်မှားရေလူဟာ အပြစ်ခွင့်လွှတ်ခံရနိုင်ကေလည်း ဉာဏ်အလင်းတော်ကို ပြစ်မှားပြောဆိုကေ‌တော့ အပြစ်ခွင့်လွှတ်ခံရဖို့မဟုတ်။ 11လူတိက မတ်ရို့ကို ဓမ္မာရုံတိ၊ အာဏာပိုင်နဲ့ အုပ်ချုပ်တဲ့လူတိရဲ့ရှေ့ကို စီရင်ဖို့ခေါ်လားခံရကေလည်း ပဇောင်ပိုင်မျိုးပြန်ပြောရဖို့ဆိုဟာကို မစိုးရိမ်ကတ်ကေ့။ 12အဇာဖြိုက်လို့ဆိုကေ ယင်းအချိန်မာပဲ ကိုယ့်ဟာကို ပဇောင်ပိုင်ကာကွယ်ပြောဆိုရဖို့ဆိုဟာကို ဉာဏ်အလင်းတော်က သင်ပီးပါလိမ့်မယ်” လို့မိန့်တော်မူခရေ။ 13ယပြီးကေ လူပရိတ်သတ်တိထဲကတစ်ယောက်က ကိုယ်တော်ကို “ဆရာ၊ အဘာက ကျွန်နော်ရို့အတွက် ချန်ထားခရေအမွီတိကို ခွဲဝီပီးဖို့ ကျွန်နော့်အစ်ကိုကို အမိန့်ဟိတော်မူပါ” လို့လျှောက်လိုက်တေ။ 14ကိုယ်တော်က “အဆွေ၊ အသင်ရို့နှစ်ယောက်ကြားက ပိုင်ဆိုင်မှုကိုစီရင်ဖို့ ငါ့ကိုအသူက အာဏာလွှဲပီးထားလို့ရောင်” လို့ပြန်လို့မိန့်ကြားလိုက်တေ။ 15ယပြီးကေ ကိုယ်တော်က လူပရိတ်သတ်တိကို “အသင်ရို့ကိုယ်အသင်ရို့ လောဘမကြီးအောင် ရှောင်ကျဥ်ကတ်။ မတ်ရို့ရဲ့ ဘဝအဓိပ္ပါယ်က မတ်ရို့ဟာ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာနီကေလည်း ဘဝမာအမှန်တကယ် အရေးကြီးတဲ့အရာက ယင်းအရာတိမဟုတ်” လို့မိန့်ဆိုလိုက်တေ။ 16ယပြီးကေ ကိုယ်တော်ယေရှုက လူပရိတ်သတ်တိကို ပုံဥပမာတစ်ခုနဲ့မိန့်ဆိုဟာက “တစ်ခါက သူဌေးတစ်ယောက်မာ သူ့လယ်က အသီးနှံတိ အထွက်ကောင်းလို့ 17သူက ‘ငါ့ရဲ့အသီးတိ့ကို ထားစရာနီရာမဟိရေအတွက် အဇာပိုင်လုပ်ရဖို့ရောင်’ လို့ စိုင်းစားနီခရေ။ 18ယပြီးဟာနဲ့ သူက ‘ငါဒေပိုင်လုပ်မေ။ ငါ့ရဲ့စပါးကျီတိကိုဖျက်ပနာ ပိုကြီးရေစပါးကျီတိကို ဆောက်ဖို့။ ငါ့သီးနှံတိနဲ့ အရာကောင်းရေအရာတိကို ယင်းကျီတိထဲမာသိမ်းထားမေ။ 19ယင်းပိုင်ဆိုကေ ငါ့မာ နောက်ထပ်နှစ်ပေါင်းအများကြီးအတွက် လုံလောက်တေပစ္စည်းကောင်းတိဟိရာဖြိုက်လို့ အဂုကစပနာ ငါသက်တောင့်သက်သာအနားယူပြီးကေ စားလိုက်၊ သောက်လိုက်နဲ့ ပျော်ပျော်နီဖို့ရာ’ လို့တွေးနီခရေ။ 20ယေတာလဲ ဘုရားရှင်က ယင်းလူကို ‘ရူးမိုက်တေလူ၊ ဒေနိန့် ညည့်ခါ အသင်သီရဖို့။ အသင်စုဆောင်းထားရေ ပစ္စည်းဥစ္စာတိဟာ အရာလူတိလက်ထဲကိုရောက်လားလိမ့်မယ်’ လို့မိန့်တော်မူခရေ။ 21ယင်းဟာက ကိုယ့်အတွက်ရာ ပစ္စည်းဥစ္စာတိ သိုလှောင်ထားပနာ ဘုရားရှင်အဖိုးတန်ရေလို့ ယူဆထားတဲ့အရာတိကို မလုပ်တဲ့လူတိ ကြုံကတ်ရဖို့အရာတိဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 22ယပြီးကေ ကိုယ်တော်ယေရှုဟာ တပည့်တော်တိကို “ယင်းနဲ့ကြောင့် မတ်ရို့ကို ငါပြောချင်ဟာက၊ မတ်ရို့ရဲ့ဘဝ ရှင်သန်ရပ်တည်ဖို့အတွက် အဇာကိုစားရဖို့၊ အဇာကိုဝတ်ရဖို့ဆိုဟာကို မပူပင်ကတ်ကေ့။ 23အဇာဖြိုက်လို့ဆိုကေ အစားအစာထက် အသက်ကပိုအရေးကြီးရေမဟုတ်လား။ ခန္ဓာကိုယ်ဟာ အဝတ်ထက်ပိုအရေးကြီးရေမဟုတ်လား။ 24ကျီးကန်းတိကို ကြည့်ကတ်ပါ။ သူရို့ဟာ မစိုက်ပျိုး၊ မရိတ်သိမ်းကတ်တေအပြင် သီးနှံတိကိုလှောင်ထားဖို့ သိုလှောင်တဲ့အခန်း မဟုတ်ပဲနဲ့ ကျီတိလည်း မဟိကတ်။ ယေတာလဲသို့ ဘုရားရှင်က သူရို့ကို ကျွေးမွေးထားတော်မူရေ။ မတ်ရို့ဟာ ယင်းငှက်တိထက် ပိုလို့ တန်ဖိုးကြီးရေမဟုတ်လား။ 25မတ်ရို့ထဲမာ အသူက စိုးရိမ်ပူပန်နီလို့ သူ့အသက် တစ်နာရီတောင်ပိုရှည်နိုင်ဖို့လို့လား။ 26မတ်ရို့ဟာ ဒေပိုင်မျိုး ငယ်ရေအမှုကိစ္စချေတိကို လုပ်ဖို့တောင် မတတ်နိုင်ကတ်ကေ အရာကိစ္စတိကို အဇာဖြိုက်လို့ပူနီကတ်ရောင်။ 27တောပန်းချေတိ ပဇောင်ကြီးလာရေဆိုဟာကို ကြည့်ကတ်ပါ။ သူရို့ဟာ အလုပ်လဲမလုပ်၊ သူရို့အတွက် အဝတ်တိလဲမခြုပ်ကတ်။ ယေတာလဲ ငါ မတ်ရို့ကို ပြောချင်ဟာက အယင့်အယင်က ဟိခရေ ချမ်းဟာကြွယ်ဝတဲ့ ရှောလမုန်ဘုရင်ကြီးတောင် ယင်းပန်းတိလောက်လှတဲ့ အဝတ်အစားတိကို မဝတ်ခရ။ 28အို ယုံကြည်ချက်နည်းကတ်တေလူတိ၊ ဘုရားရှင်ဟာ အချိန်ကာလအနည်းချေလောက်ယာ အသက်ရှင်နီပနာ နောက်နိန့်ခါ မီးထဲကို ပစ်ချခံရဖို့တောပန်းချေတိကိုတောင် လှပတင့်တယ်အောင်ဖန်ဆင်းပီးထားကေ မတ်ရို့ကိုပိုလို့တောင် ဖန်ဆင်းပီးဖို့မလား။ 29မတ်ရို့ဟာ အဇာကိုစားရဖို့၊ အဇာကိုသောက်ရဖို့ဆိုဟာကို အမြဲတမ်း မစဉ်းစားနီကတ်ကေ့။ ယင်းဟာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မနီကတ်ပါကေ့။ 30အဇာဖြိုက်လို့ဆိုကေ ဘုရားရှင်ကို မသိကတ်တေလူတိရာ ယင်းအရာတိကို စိုးရိမ်ပူပန်နီရရေ။ ယကေလဲ မတ်ရို့ရဲ့အဖဘုရားရှင်က မတ်ရို့လိုအပ်တေအရာတိကို သိတော်မူရေ။ 31ယင်းဟာကြောင့် ဘုရားရှင်ရဲ့သာသနာတော်အတွက် မတ်ရို့ အဇာလုပ်ပီးနိုင်ဖို့ဆိုဟာကို အာရုံစိုက်ကတ်ပါ။ ယေမှရာ မတ်ရို့လိုအပ်တေ အရာတိမှန်သမျှကို ဘုရားရှင်ကဖြည်းဆည်းပီးတော်မူပါလိမ့်မယ်” လို့မိန့်တော်မူလိုက်တေ။ 32ကိုယ်တော်က ဆက်လို့ “သိုးအုပ်စုချေc၊ မတ်ရို့ရဲ့ အဖဘုရားရှင်ဟာ မတ်ရို့ကို သူ့ရဲ့ သာသနာတော်ကိုပီးဖို့ အလိုဟိဟာကြောင့် မကြောက်ကတ်ကေ့။ 33မတ်ရို့မာဟိသမျှ ပစ္စည်းဥစ္စာတိကို ရောင်းချပနာ ဆင်းရဲသားတိကို ပီးကမ်းကတ်ပါ။ မတ်ရို့အတွက် မဆွီးမဟောင်းတတ်တေ အိတ်တိကိုလုပ်ပနာ မတ်ရို့ရဲ့ ပစ္စည်းဥစ္စာရတနာတိကို သူခိုးတိမရောက်နိုင်၊ ပိုးကောင်တိမဖျက်ဆီးနိုင်ရေ ရွှေမြို့တော်က ဘဏ္ဍာတိုက်ထဲမာ သိမ်းဆည်းကတ်ပါ။ 34အဇာဖြိုက်လို့လဲဆိုကေ မတ်ရို့ရဲ့ဥစ္စာရတနာတိဟိရေနီရာမာ မတ်ရို့ရဲ့စိတ်နှလုံးဟာလည်း ရောက်နီတတ်လို့ဖြိုက်တေ” လို့မိန့်တော်မူရေ။ 35ကိုယ်တော်က ဆက်ပြီးကေ “မတ်ရို့ဟာ ခါးပတ်ကို မြဲအောင်စည်းပနာd မီးအိမ်ကို အဆင်သင့်ထွန်းထားကတ်ပါ။ 36ယေမှရာ သခင်ဟာမင်္ဂလာဆောင်ပွဲက ပြန်လာပနာ တံခါးကိုခေါက်တေအခါ ချက်ချင်းထနာ တံခါးဖွင့်ပီးနိုင်ဖို့ဖြိုက်တေ။ 37သခင်ဟာ သူပြန်လာရေအချိန်ကို အဆင်သင့်စောင့်နီရေအစီခံတိကို ဆုလာဘ်တိပီးသနားလိမ့်မယ်။ ငါအမှန်ပြောရကေ သခင်ဟာ ခါးဝတ်ကိုစည်းပနာ ယင်းအစီခံတိကို စားပွဲမာထိုင်ပြီးကေ အစားအစာတိကျွေးမွေးလိမ့်မယ်။ 38အိမ်ရှင်ဟာ ညည့်သန်းခေါင်မာ ဖြိုက်ဖြိုက်၊ မိုးလင်းအာရုဏ်ခါ ဖြိုက်ဖြိုက် ပြန်လာရေအခါ သူ့ကိုအဆင်သင့်စောင့်နီကတ်တေအစီခံတိကို တွိ့ရကေ ယင်းအစီခံတိဟာ မျက်နှာသာပီးဟာကို ခံရဖို့။ 39အမှန်လို့ အိမ်ရှင်ဟာ သူခိုးအဇာချိန်လာဖို့ဆိုဟာကို ကြိုသိကေ သူဟာ နိုးနိုးကြားကြားနီရေအတွက်ကြောင့် သူခိုးဟာ အိမ်ထဲကိုဖောက်ဝင်ပြီးကေ ခိုးလို့ရဖို့မဟုတ်။ 40ယင်းဟာကြောင့် အချိန်မရွီး အဆင်သင့်ပြင်ထားပါ။ အဇာလို့ဆိုကေ လူ့သားတော်ဖြိုက်တဲ့ငါဟာ မတ်ရို့မျှော်လင့်မထားရေချိန်မှာ ပြန်လို့ကြွလာဖို့ကြောင့်ဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 41ယင်းခါ ပေတရုက ကိုယ်တော်ကို “အရှင်၊ ဒေပုံဥပမာကို ကျွန်နော်ရို့အတွက် မိန့်တော်မူဟာလား၊ မဟုတ်ပဲနဲ့ လူတိုင်းအတွက်ပါလား” လို့မီးလျှောက်လိုက်တေ။ 42ယေခါ ကိုယ်တော်က “အိမ်သူအိမ်သားတိကို အချိန်မှန် အစားအသောက်ပြင်ဆင်ပီးဖို့ကို သခင်ကခန့်အပ်ထားရေ ဉာဏ်ပညာနဲ့ပြည့်စုံရေ သစ္စာဟိရေအစီခံဆိုဟာအသူလဲ။ 43သခင်ပြန်လာခါ အလုပ်လုပ်နီရေအစီခံကိုတွိ့ကေ ယင်းအစီခံဟာ မျက်နှာသာပီးခြင်းကိုခံရလိမ့်မယ်။ 44မတ်ရို့ကို ငါအမှန်ပြောမေ။ သခင်ဟာ သူ့မာဟိသမျှပစ္စည်းဥစ္စာတိကို ယင်းအစီခံကို အပ်ပြီးကေ စောင့်ရှောက်စီလိမ့်မယ်။ 45ယေတာလဲသို့ ယင်းအစီခံက ‘ငါ့သခင် ပြန်လာဖို့ မဟုတ်သိမ်း’ လို့ထင်ပြီးကေ အရာမိန်းမအစီခံနဲ့ ယောက်ျားအစီခံတိကို သတ်ပုတ်ပြီးကေ သောက်စားမူးရူးနီကေ 46ယင်းအစီခံရဲ့သခင်ဟာ သူမျှော်လင့်မထားရေနိန့်ရက်၊ သူမသိလိုက်တေချိန်မာ ပြန်ရောက်လာကေ သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပီးပနာ သစ္စာတရားမဟိရေလူတိနဲ့ အတူတူနီခိုင်းလိမ့်မယ်။ 47သခင်ရဲ့အလိုတော်ကို သိရဲ့နဲ့ မပြင်ထားရေအစီခံ၊ မဟုတ်ကေ ကိုယ့်သခင်ရဲ့အလိုအတိုင်းမလုပ်တေအစီခံဟာ ပြင်းပြင်းထန်ထန်အပြစ်ဒဏ်ပီးခံရလိမ့်မယ်။ 48ယေတာလဲသို့ သခင်ရဲ့အလိုကိုမသိဘဲ အပြစ်လုပ်မိရေ အစီခံဟာ အနည်းချေရာအပြစ်ပီးခံရလိမ့်မယ်။ အများကြီးပီးတဲ့လူတိဟာ အများကြီးတောင်းဆိုခံရပြီးကေ ပိုပြီးကေ ယုံကြည်အပ်နှံမှုတိ အများကြီးရထားရေလူတိဟာ ပိုလို့အတောင်းခံရလိမ့်မယ်” လို့မိန့်တော်မူရေ။ 49နောက်ထပ် ကိုယ်တော်က “ငါဟာ ဒေလောကကို မီးလောင်စီဖို့ လာဟာဖြိုက်တေ။ ဒေနီရာမာ မီးလောင်ပြီးသားဖြိုက်နီဖို့ကိုတောင် ငါအလိုဟိရေe။ 50ယေတာလဲ ငါဟာ ကောင်းမကြာခင် ပြင်းထန်ရေဒုက္ခဝေဒနာနဲ့ ရီနှိုက်မင်္ဂလာတစ်ခုကို ခံယူရဖို့။ ယင်းကိစ္စတိမပြီးဆုံးခင်ထိ ငါဟာဆက်လို့ စိတ်ဆင်းရဲမှုတိ ကြုံရဖို့သိမ်း။ 51ငါဟာ ဒေလောကကို ငြိမ်းချမ်းစီဖို့လာရေလို့ ထင်နီကတ်လား။ ယင်းပိုင်မဟုတ်။ ငါလာရရေအကြောင်းက လူတိကို ယုံကြည်တဲ့လူနဲ့ မယုံကြည်တဲ့လူတိကို ခွဲခြားဖို့လာခဟာဖြိုက်တေ။ 52အဂုကစလို့ လူငါးယောက်ဟိရေမိသားစုမာ နှစ်ယောက်ကတစ်ဖက်၊ သုံးယောက်ကတစ်ဖက် တစ်ယောက်ကိုတစ်ယောက် စိတ်ဝမ်းကွဲကတ်လိမ့်မယ်။ 53အဖနဲ့သား၊ အမိနဲ့သမီး၊ ယောက္ခမနဲ့ချွေးမတိအချင်းချင်း စိတ်ဝမ်းကွဲကတ်လိမ့်မယ်” လို့မိန့်တော်မူရေ။ 54ယပြီးကေ ကိုယ်တော်ယေရှုက လူတိကို “မတ်ရို့ဟာ အနောက်ဘက်အရပ်က တိမ်တိမဲလို့တက်လာကေ မိုးရွာဖို့ပြင်နီယာလို့ ချက်ချင်း ပြောကတ်တေ။ မတ်ရို့ပြောရေအတိုင်းလည်း ဖြိုက်တတ်တေ။ 55တောင်လီတိုက်လာကေလည်း ရာသီဥတုပူဖို့လို့ အသင်ရို့ပြောကတ်တေ။ အသင်ရို့ပြောရေအတိုင်းလည်း အမှန် ဖြိုက်တတ်တေ။ 56သူတော်ကောင်းယောင်ဆောင်ရေလူတိ၊ မတ်ရို့ဟာ အာကာနဲ့မြီကြီးကို ကြည့်ပနာ ရာသီဥတုအခြေအနေကို ခန့်မှန်းနိုင်ကတ်တေ။ ယေတာလဲသို့ အဂုချိန်မာ အဇာဖြိုက်နီရေဆိုဟာကို အဇာဖြိုက်လို့ ခွဲခြားမသိနိုင်ကတ်ဟာရောင်။ 57မတ်ရို့က မှန်ကန်ရေ ကိစ္စတိကိုလုပ်ဖို့အတွက် ကိုယ့်ဟာကိုယ် အဇာဖြိုက်လို့ မဆုံးဖြတ်နိုင်ကတ်ရောင်။ 58မတ်ကို တစ်ယောက်ယောက်က တရားစွဲကေ တရားရုံးမရောက်ခင်ကပင် ညှိနှိုင်းပနာ ကျီအီးဖို့ ကြိုးစားကတ်။ ယင်းပိုင်မဟုတ်ကေ တရားသူကြီးက မတ်ကို အပြစ်ဟိရေလို့သတ်မှတ်ပနာ တာဝန်ဟိရေလူတိလက်ထဲကို အပ်ပြီးကေ မတ်ကိုထောင်ချလိမ့်မယ်။ 59မတ်ကို ငါပြောမေ။ မတ်ပီးရဖို့ အကြွီးတိအားလုံးကို ပြန်မဆပ်နိုင်ချင်း မတ်ထောင်ထဲကထွက်ရဖို့မဟုတ်” ဆိုပနာမိန့်တော်မူလိုက်တေ။

المحددات الحالية:

Luke 12: stpv-rv

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول