Luke 10:2
Luke 10:2 MTPV-RV
တပည့်တော်တို့အား မစေလွှတ်မီ ကိုယ်တော်က သူတို့အား ဤကဲ့သို့မိန့်မှာတော်မူ၏။ ၎င်းမှာ “ငါ့အား လက်ခံယုံကြည်ရန် အသင့်ဖြစ်နေသော လူများစွာရှိသော်လည်း ထိုသူတို့ထံ မင်္ဂလာသတင်းကောင်းကို ဟောပြောဝေငှရန်လူတို့မှာကား နည်းပါးလှ၏။ ထိုသူတို့သည် ရိတ်သိမ်းရန် အသင့်ဖြစ်နေသော ကြီးမားကျယ်ပြန့်သည့်လယ်ကွင်းနှင့်တူ၏။ သို့သော်ငြား ၎င်းကိုရိတ်သိမ်းရန်အတွက် လုံလောက်သောလုပ်သားများမရှိပေ။ ထို့ကြောင့် ရိတ်သိမ်းခြင်း၏အရှင် ဘုရားရှင်ထံတော်၌ ရိတ်သိမ်းရန်လုပ်သားများ ပိုမိုစေလွှတ်ပေးရန် ဆုတောင်းလျှောက်ကြလော့။