1
ရှင်ယောဟန် 3:16
Myanmar Common Language Zawgyi Version
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။
قارن
اكتشف ရှင်ယောဟန် 3:16
2
ရှင်ယောဟန် 3:17
သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
اكتشف ရှင်ယောဟန် 3:17
3
ရှင်ယောဟန် 3:3
သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား တစ်ဖန်မွေးဖွားခြင်းမခံရသူသည် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်'' ဟု မိန့်တော်မူ၏။
اكتشف ရှင်ယောဟန် 3:3
4
ရှင်ယောဟန် 3:18
သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။
اكتشف ရှင်ယောဟန် 3:18
5
ရှင်ယောဟန် 3:19
အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။
اكتشف ရှင်ယောဟန် 3:19
6
ရှင်ယောဟန် 3:30
ထိုအရှင်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်'' ဟုဆို၏။
اكتشف ရှင်ယောဟန် 3:30
7
ရှင်ယောဟန် 3:20
ဆိုးယုတ်သူတိုင်းအလင်းကိုမုန်း၏။ မိမိ၏ အကျင့်ဆိုးပေါ်သွားမည်ကိုစိုး၍အလင်း အနီးသို့မကပ်ဝံ့။
اكتشف ရှင်ယောဟန် 3:20
8
ရှင်ယောဟန် 3:36
သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
اكتشف ရှင်ယောဟန် 3:36
9
ရှင်ယောဟန် 3:14-15
မိမိအားယုံကြည်သူအပေါင်းတို့သည် ထာဝရ အသက်ကိုရရှိကြစေရန် လူသားသည်တော ကန္တာရ၌တိုင်ထိပ်တွင်မောရှေမြှောက်တင်ထား သည့်ကြေးမြွေရုပ်ကဲ့သို့မြှောက်တင်ခြင်း ခံရလိမ့်မည်။
اكتشف ရှင်ယောဟန် 3:14-15
10
ရှင်ယောဟန် 3:35
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။
اكتشف ရှင်ယောဟန် 3:35
الصفحة الرئيسية
الكتاب المقدس
خطط
فيديوهات