Luke 12
12
1ယင်းအချိန်မာ ထောင်ပေါင်းများစွာဟိရေ လူထုပရိတ်သတ်ကြီး စုလာရေအခါ တစ်ယောက်နန့် တစ်ယောက် တက်နင်းဖို့ပိုင် ဖြစ်ကတ်ပါရေ။ ကိုယ်တော်ယေရှုက တပည့်တော်တိကို ပထမဦးဆုံး စတင်ပနာ “ဖာရိရှဲတိ၏တဆီးa ဖြစ်တေ သူတော်ကောင်းအကွန်ဆောင်မှုကို သတိထားကတ်ပါ။ 2ရှာလို့မရအောင် ဝှက်ထားလို့ရရေအရာဆိုစွာ မဟိပါ။ ဝှက်ထားစွာအရာ အားလုံးလည်း နောက်ဆုံးမာ ပေါ်လာဖို့ ဖြစ်တေ။ 3ယေတွက်နန့် သင်ရို့ ညဖက်အချိန်မာ တတိုးသျှေပြောစွာတိကိုလည်း နိခင်းအချိန်မာ လူတိုင်းသိကတ်လိမ့်မေ။ သင်ရို့က တန်းခါးပိတ်ထားရေ အခန်းထဲမာ တတိုးသျှေပြောစွာတိကိုလည်း လူတိုင်းကြားရအောင် အိမ်ခေါင်ထက်က အော်လို့ပြောရေပိုင် ဖြစ်လာလိမ့်မေ” လို့ မိန့်တော်မူလီရေ။ 4ယေပြီးကေ ကိုယ်တော်က “မိတ်ဆွီရို့၊ သင်ရို့ကို ငါ ပြောချင်စွာက သင်ရို့၏ခန္ဓာကိုယ်ကို သတ်ဖို့လူကို မကြောက်ကတ်ကေ့။ သူရို့က သင့်ကို ယင်းပိုင် လုပ်ပြီးကေ ဇာအရာကိုလေ့ ထပ်လို့မလုပ်နိုင်ပါဗျာလ်။ 5ယေကေလည်း သင်ရို့ ကြောက်သင့်သူက ဘုရားသျှင်တစ်ပါးတည်းရာ ဟိပါရေ။ ဘုရားသျှင်က လူတိ၏အသက်ကို ယူနိုင်ရေတန်ခိုးဟိရုံမက ငရဲကိုပို့နိုင်ရေ အာဏာဟိပါရေ။ ယေတွက်နန့် သင်ရို့ကို ငါအရာပြောချင်စွာက ဘုရားသျှင် တစ်ပါးတည်းကိုရာ ကြောက်ကတ်ပါ။ 6စာသျှေငါးကောင်ကို အဿရိဒင်္ဂါးနှစ်ပြားနန့် ရောင်းရေမဟုတ်လား။ ယေကေလည်း ဘုရားသျှင်က ယင်းစာသျှေတစ်ကောင်ချင်းစီကိုတောင် အရီးစိုက်ဖို့သတိရပါ။ 7သင်၏ဂေါင်းထက်က ဆံပင်အရွီအတွက်ကိုတောင် ဘုရားသျှင်က သိတော်မူပါရေ။ ယေတွက်နန့် မကြောင်းကြပါကေ့။ သင်ရို့က ဘုရားသျှင်အတွက် စာသျှေတိထက်ပိုလို့ တန်ဖိုးဟိပါရေ” လို့ မိန့်တော်မူပါရေ။ 8ကိုယ်တော်က ဆက်ပြီးကေ “သင်ရို့ကို ငါ ပြောမေ၊ အသူမဆို လူတိရှိ့မာ ငါ့တပည့်ဖြစ်တေလို့ ဝန်ခံကေ လူ့သားတော်ဖြစ်တေ ငါကလည်း ဘုရားသျှင်နန့် သမ္မာဒေဝါနတ်တိ ရှိ့မာ ယင်းသူ့ကို ငါ့တပည့်ဖြစ်တေလို့ ဝန်ခံမေ။ 9ယေကေလည်း ငါ့ကို လူတိရှိ့မာငြင်းပယ်ကေ လူ့သားတော်ကလည်း ဘုရားသျှင်နန့် သမ္မာဒေဝါနတ်တိ ရှိ့မာ ယင်းသူ့ကို ငြင်းပယ်လိမ့်မေဖြစ်တေ။ 10လူ့သားတော်ကို ပြစ်မှား ပြောဆိုသူတိုင်းက ခွင့်ရွှတ်စွာခံရဖို့ဖြစ်ကေလည်း ဉာဏ်အလင်းတော်ကို ပြစ်မှား ပြောဆိုသူတိုင်းက ခွင့်ရွှတ်စွာခံရဖို့ မဟုတ်ပါ။ 11လူတိက သင်ရို့ကို ဓမ္မာရုံတိ၊ အုပ်ချုပ်သူတိနန့် အာဏာပိုင်တိရှိ့ကိုတရားစီရင်ဖို့ ခေါ်လားစွာခံရကေလည်း သင်ရို့ ကိုယ့်ကိုယ်ကို ဇာပိုင်ကာကွယ်ရဖို့လဲ။ ယေမှမဟုတ် ဇာပိုင်ပြန်လို့ပြောရဖို့လဲ ဆိုစွာကို မစိုးရိမ်ကတ်ပါကေ့။ 12ဇာတွက်နန်ဆိုကေ ယင်းအချိန်မာ သင်ဇာပိုင်ပြောရဖို့ ဆိုစွာကို ဉာဏ်အလင်းတော်က သင်ပီးပါလိမ့်မေ” လို့ မိန့်တော်မူပါရေ။ 13ယေပြီးကေ လူထုပရိတ်သတ်ထဲက တစ်ယောက်က ကိုယ်တော်ကို “ဆရာ၊ အဘာက ကျွန်တော်ရို့အတွက် ထားခရေအမွီတိကို ကျွန်တော့်ကို ခွဲလို့ဝီပီးဖို့ ကျွန်တော့်အစ်ကိုကို မိန့်တော်မူပီးပါ” လို့ လျှောက်တင်လီရေ။ 14ကိုယ်တော်က ယင်းသူ့ကို “မိတ်ဆွီ၊ သင်ရို့နှစ်ယောက်ကြားမာဟိရေ ပစ္စည်းဥစ္စာတိကို ခွဲလို့ဝီပီးဖို့အခွင့် ယေမှမဟုတ် တရားစီရင်ပီးဖို့အခွင့်ကို ဇာသူက ငါ့ကို ပီးထားလို့လဲ” လို့ မိန့်တော်မူလီရေ။ 15ယေပြီးကေ ကိုယ်တော်က လူထုပရိတ်သတ်ကို “သင်ရို့ ကိုယ့်ကိုယ်ကို လောဘကြီးမှုအမျိုးမျိုးက သတိထားဗျာလ် ရှောင်ကတ်ပါ။ ဇာတွက်နန့်ဆိုကေ သင်ရို့၏တန်ဖို့ဟိရေဘဝကို သင်ရို့ပိုင်ဆိုင်ရေ ပစ္စည်းဥစ္စာတိထဲမာ ရှာလို့မရရေအတွက်နန့်ဖြစ်တေ” လို့ မိန့်တော်မူပါရေ။ 16ယေပြီးကေ ကိုယ်တော်ယေရှုက လူထုပရိတ်သတ်ကို ပုံဥပမာတစ်ပိုဒ်နန့် မိန့်လီရေ။ ကိုယ်တော်က “အယင်ကခါ အသီးဖနှံအထွက်ကောင်းရေ လယ်ကိုပိုင်ရေ သူဌီးတစ်ယောက်လီရေ။ 17သူက ‘ငါ၏အသီးဖနှံတိကို လှောင်ထားဖို့ နီရာမဟိလို့ ငါ ဇာပိုင် လုပ်ရဖို့လဲ’ လို့ စဉ်းစားနီလီရေ။ 18ယေပြီးကေ သူက ‘ငါ ဇာပိုင် လုပ်ရဖို့ ဆိုစွာကို သိဗျာလ်။ ငါ၏ရိုင်အဟောင်းတိကို ဖျက်ပနာ ပိုလိုကြီးရေ ရိုင်တိကို ဆောက်မေ။ ယင်းရိုင်တိထဲမာ ငါ၏အသီးဖနှံတိနန့် တစ်ခြားငါပိုင်ဆိုင်ရေအရာတိကို လှောင်ထားလိုက်မေ။ 19ယေပြီးကေ ငါက အရာနှစ်အများကြီးအတွက် ပစ္စည်းကောင်းတိကို လှောင်ထားပြီးဗျာလ်။ ငါက အရာအလုပ်လုပ်ဖို့မလိုဗျာလ်။ ငါက စားလိုက်၊ သောက်လိုက်နန့် ပပျော်ပပါးနီဖို့ဗျာလ်’ လို့ ကိုယ့်ကိုယ်ကို ပြောဗျာလ် နီလီရေ။ 20ယေကေလည်း ဘုရားသျှင်က ယင်းသူ့ကို ‘အသင်လူမိုက်၊ ဒေညဉ့်မာပင် သင်က သီရဖို့ဗျာလ်ဖြစ်တေ။ ယေတွက်နန့် သင့်အတွက် သင်စုထားရေအရာအားလုံးက သင်မပိုင်ဘဲ တခြားသူက ပိုင်လားလိမ့်မေ’ လို့ မိန့်တော်မူရေ။ 21ဆိုလိုချင်စွာက ကိုယ့်အတွက်ပစ္စည်းဥစ္စာတိ စုဆောင်းထားကေလည်း ဘုရားသျှင်အဖိုးတန်ရေလို့ မှတ်ယူထားရေအရာတိကို မလုပ်ဆောင်သူတိက ယင်းပိုင်ကြုံတွိ့ရလိမ့်မေဖြစ်တေ” လို့ မိန့်တော်မူလီရေ။ 22ယေပြီးကေ ကိုယ်တော်ယေရှုက တပည့်တော်ရို့ကို “ယေတွက်နန့် သင်ရို့ကို ငါ ပြောချင်စွာက၊ သင်ရို့၏ဘဝမာ ဇာကိုစားရဖို့၊ သင့်ခန္ဓာကိုယ်အတွက် ဇာကိုဝတ်ရဖို့ဆိုစွာကို ပူပင်မနီကတ်ပါကေ့။ 23ဇာတွက်နန့်ဆိုကေ ဘဝက စားဖို့ထက် ပိုလို့အရီးကြီးပြီးကေ ခန္ဓာကလည်း ဝတ်ဖို့ထက် သာလို့အရီးကြီးပါရေ။ 24ကျီးကန်းတိကို ကြည့်လိုက်ပါ။ ယင်းငှက်တိက အပင်လည်းမစိုက်၊ အသီးဖနှံတိလည်းရိတ်သိမ်းဖို့မလိုကတ်ပါ။ သူရို့မာ အသီးဖနှံတိကို လှောင်ထားဖို့အခန်းလည်းမဟိ။ ရိုင်တိလည်းမဟိ။ ယေကေလည်း ဘုရားသျှင်က ယင်းငှက်တိကို ကျွေးမွေးတော်မူပါရေ။ သင်ရို့က ယင်းငှက်တိထက် ပိုလို့တန်ဖိုးကြီးပါရေ။ 25သင်ရို့ထဲမာ ဇာသူက စိတ်ပူပင်နီရေအတွက်နန့် အသက်ကို တစ်နာရီ ပိုလို့ ရှည်စီနိုင်လို့လား။ 26သင်ရို့က ယင်းပိုင်ကိစ္စအငယ်သျှေကိုတောင် မလုပ်နိုင်ကေ ဇာတွက်နန့် အရာကိစ္စတိအတွက် စိုးရိမ်ကြောင့်ကြ နီကတ်စွာလဲ။ 27တောရိုင်းပန်းတိ ဇာပိုင်ကြီးလာရေဆိုစွာကို ကြည့်ကတ်ပါ။ သူရို့က အလုပ်လည်းမလုပ်၊ အဝတ်လည်း မခြုပ်ကတ်ပါ။ ယေကေလည်း သင်ရို့ကို ငါ ပြောချင်စွာက ရှိ့အယင်က ဟိခရေ ဘုန်းကြက်သရေဟိရေ ရှောလမုန်ဘုရင်ကြီး၏အဝတ်စားတိတောင်မှ ယင်းတောရိုင်းပန်းတိလောက် မလှပါ။ 28ယုံကြည်မှုနည်းသူတိ၊ ဒေနိန့် ပွင့်နီပနာ အရာတစ်ရက်မာ မီးထဲကိုအပစ်ခံရဖို့ လယ်ကွင်းမာဟိရေ တောရိုင်းပန်းတိကိုတောင် ဘုရားသျှင်က လှပစီကေ သင်ရို့ကို ဘုရားသျှင်က ဇာလောက်တောင် ပိုလို့လှအောင် ဆင်ပီးဖို့လဲ။ 29ယေတွက်နန့် သင်ရို့က ဇာကိုစားရဖို့၊ ဇာကိုသောက်ဖို့ ဆိုပြီးကေ အမြဲတန်း မစဉ်းစားကတ်ကေ့။ ယင်းအကြောင်းနန့်ပတ်သတ်ပနာ စိုးရိမ်ကြောင်းကြမနီပါကေ့။ 30ဇာတွက်နန့်ဆိုကေ ဘုရားသျှင်ကို မသိသူတိကရာ ယင်းအရာတိအားလုံးကို စိုးရိမ်ကြောင်းကြနီရရေ။ ယေကေလည်း သင်ရို့အတွက် သင်ရို့၏အဖဘုရားသျှင်က သင်ရို့လို့အပ်စွာတိကို သိတော်မူရေ။ 31ယေတွက်နန့် သင်ရို့လုပ်သင့်ရေအရာက ဘုရားသျှင်၏သာသနာတော် အတွက်ရာ အာရုံစိုက်ရဖို့ဖြစ်တေ။ ယင်းပိုင်လုပ်ကေ ဘုရားသျှင်က သင်ရို့ လိုအပ်တေအရာတိကို ပီးပါလိမ့်မေ” လို့ မိန့်တော်မူလီရေ။ 32ကိုယ်တော်က ဆက်ပြီးကေ “သိုးအုပ်စုသျှေc၊ မကြောက်ကတ်ပါကေ့။ ဇာတွက်နန့်ဆိုကေ ရွှီမြို့တော်မာဟိရေ သင်ရို့၏အဖဘုရားသျှင်က သူ့၏သာသနာတော်ကို သင်ရို့အား ဝမ်းပန်းတသာနန့် ပီးဖို့အလိုဟိရေအတွက်နန့် ဖြစ်တေ။ 33ယေတွက်နန့် သင်ရို့ပိုင်ဆိုင်ရေပစ္စည်းဥစ္စာတိကို ရောင်းပနာ ဆင်းရဲသားတိကို ဒင်္ဂါးလှူကတ်ပါ။ သင်ရို့အတွက် မဆွီးမဟောင်းနိုင်ရေအိတ်တိကိုလုပ်ပြီးကေ သင်ရို့၏ဥစ္စာရတနာတိကို သူခိုးတိမလာနိုင်၊ ပိုးမွှားတိလည်း မဖျက်ဆီးနိုင်ရေ ရွှီမြို့တော်မှ ဘဏ္ဍာတိုက်ထဲမာရာ သိမ်းထားကတ်ပါ။ 34ဇာတွက်နန့်ဆိုကေ သင်ရို့၏စိတ်က သင်ရို့၏ဥစ္စာရတနာဟိရေနီရာမာရာ ရောက်နီတတ်လို့ ဖြစ်ပါရေ” လို့ မိန့်တော်မူလီရေ။ 35ကိုယ်တော်က ဆက်ပြီးကေ “သင်ရို့က ခါးပတ်ကိုခါးမာ ချိုင်ဗျာလ် မီးအိမ်ကိုထွန်းပနာ အိမ်သျှင်ပြန်လာဖို့အချိန်ကို စောင့်နီရေအငှါးသားတိပိုင် အလိုက်သင့်စောင့်နီကတ်ပါ။ 36ယေမှရာ သခင်က သမက်တက်ပွဲကပြန်လာဗျာလ် တန်းခါးခေါက်ရေအခါ အငှါးသားက ချက်ချင်းတန်းခါးဖွင့်ပီးနိုင်ဖို့ ဖြစ်တေ။ 37သခင်က ပြန်လာဖို့အချိန်ကို အဆင်သင့်စောင့်နီရေ အငှါးသားတိက ဆုလာဘ်တိရဟိပါလိမ့်မေ။ သင်ရို့ကို ငါ အမှန်ပြောရကေ သခင်က သူကိုယ်တိုင်ခါးမာ ခါးပတ်ကိုချိုင်ပနာ ယင်းအငှါးသားတိကို စားပွဲမာထိုင်ခိုင်းပြီးကေ စားစရာတိကို ကျွေးမွေးပါလိမ့်မေ။ 38သခင်က သန်းခေါင်အချိန်ဖြစ်စီ၊ မိုးထစောစောဖြစ်စီ ပြန်လာရေအခါ သူ့ကို အလိုက်သင့်စောင့်နီရေ အငှါးသားတိကိုတွိ့ရကေ သူက ယင်းအငှါးသားတိကို ကောင်းချီးမင်္ဂလာ ပီးပါလိမ့်မေ။ 39အိမ်သျှင်က သူခိုးလာဖို့အချိန်ကို သိထားကေ သူ့အိမ်ကို ဖောက်ဝင်လို့ရဖို့မဟုတ်ဆိုစွာကို သိထားကတ်ပါ။ 40ယင်းနည်းတူ လူ့သားတော်ကလည်း သင်ရို့ ထင်မထားရေအချိန်မာ ပြန်လို့ကြွလာဖို့ဖြစ်ရေတွက်နန့် သင်ရို့ အချိန်တိုင်း အဆင်သင့် ဟိနီကတ်ရမေ” လို့ မိန့်တော်မူလီရေ။ 41ယေခါ ပေတရုက ကိုယ်တော်ကို “အသျှင်၊ ဒေပုံဥပမာက ကျွန်တော်ရို့အတွက်ရာ မိန့်တော်မူစွာလား။ ယေမှမဟုတ် လူတိုင်းအတွက် မိန့်တော်မူစွာလား” လို လျှောက်တင်လီရေ။ 42ယေခါ အသျှင်က “အိမ်သူအိမ်သားတိကို အချိန်ကျကေ အစားအသောက်တိပြင်ဆင်ပီးဖို့အတွက် သခင်ခန့်ထားရေ သစ္စာဟိဗျာလ် ဉာဏ်ပညာနန့် ပြည့်စုံရေ အငှါးသားက ဇာသူလဲ။ 43သခင်ပြန်လာရေအခါ ယင်းအငှါးသား အလုပ်တိကောင်းကောင်းမွန်မွန် လုပ်ထားစွာကိုတွိ့ကေ သူ့ကို ကောင်းချီးမင်္ဂလာ ပီးပါလိမ့်မေ။ 44သင်ရို့ကို ငါ အမှန်ပြောမေ၊ သခင်က သူ့မာဟိရေပစ္စည်းဥစ္စာအားလုံးကို စီမံခန့်ခွဲဖို့ တာဝန်ကို သူ့အား ပီးအပ်လိမ့်မေ။ 45ယေကေလည်း ယင်းအငှါးသားက ‘ငါ၏သခင် ပြန်လာဖို့ အချိန်ကြာဖို့သိ’ လို့ ထင်ပနာ အရာအငှါးသား၊ အငှါးသမတိကို ဘုတ်သတ်ဗျာလ် သောက်လိုက်စားလိုက်နန့် ယစ်နီကေ 46သခင်က ယင်းအငှါးသား ထင်မထားရေအချိန်မာ ရောက်လာဗျာလ် သူ့ကို ပြင်းထန်ရေ အပြစ်ဒဏ်ပီးပနာ နာခံမှုမဟိရေ တစ်ခြားသူတိနန့်တတူ ထားပါလိမ့်မေ။ 47သခင်၏အလိုကို သိယင့်သားနန့် အဆင်သင့်ပြင်လို့မထား၊ သခင်ဖြစ်ချင်ရေအတိုင်း မလုပ်ထားရေအငှါးသားက ပြင်းထန်စွာ ဘုတ်သတ်ခံရလိမ့်မေ။ 48ယေကေလည်း သခင်၏အလိုကို မသိဘဲအပြစ်လုပ်မိရေ အငှါးသားက အနည်းသျှေရာ အပြစ်ပီးခံရမေ။ အများကြီးပီးထာခံရသူက အများကြီးအတောင်းခံရဖို့ဖြစ်ပနာ အများကြီးအယုံအကြည့်ခံရသူက အများကြီး တာဝန်ယူရပါလိမ့်မေ” လို့ မိန့်တော်မူလီရေ။ 49ကိုယ်တော်က ဆက်ပြီးကေ “ငါက ဒေကမ္ဘာမြီကို မီးလောင်စီဖို့ လာစွာဖြစ်တေ။ ဒေကမ္ဘာကြီးက မီးလောင်ပြီးသား ဖြစ်နီဖို့တောင် ငါ အလိုဟိရေ။ 50ယေကေလည်း ငါက မကြာခင်မာ ကောင်းကောင်းပြင်းရေ ဒုက္ခဝေဒနာနန့် ရီနစ်မင်္ဂလာတစ်ခုကို ခံယူရဖို့သိဖြစ်ပြီးကေ ယင်းအရာတိမပြီးခင်အထိ ငါက စိတ်ဒုက္ခ ကောင်းကောင်းခံစားနီရဖို့သိ ဖြစ်တေ။ 51ငါက ဒေလောကကို ငြိမ်းချမ်းစီဖို့ လာရေလို့ ထင်နီကတ်လာ။ လုံးဝမဟုတ်ပါ။ ငါလာရေအကြောင်းရင်းက လူတိကို ခွဲခြားဖို့လာစွာဖြစ်တေ။ 52အဂုအချိန်ကစလို့ လူငါးယောက်ဟိရေ မိသားစုတစ်စုမာ နှစ်ယောက်က သုံးယောက်ကို ဆန့်ကျင်ပနာ သုံးယောက်ကလည်း နှစ်ယောက်ကို ဆန့်ကျင်ဗျာလ် အချင်းချင်း ကွဲလားကတ်လိမ့်မေ။ 53အဖနန့်သား၊ အမိနန့်သမီး၊ ယောက်ခမနန့် ခြုပ်မတိကြားမာ အချင်းချင်း ဆန့်ကျင်ပနာ ကွဲလားကတ်လိမ့်မေ” လို့ မိန့်တော်မူပါရေ။ 54ယေပြီးကေ ကိုယ်တော်ယေရှုက လူထုပရိတ်သတ်ကို “သင်ရို့က အနောက်ဘက်က တိမ်တိတက်လာစွာကို မြင်ကေ ချက်ချင်းပင် ‘မိုးရွာလာဖို့ဗျာလ်’ လို့ ပြောတတ်ကတ်ပနာ ယင်းတိုင်းလည်း ဖြစ်လာပါရေ။ 55တောင်လီတိုက်လာရေအခါမာလည်း သင်ရို့က ‘မကြာခင် ပူလာဖို့ဗျာလ်’ လို့ ပြောတတ်ကတ်ပနာ ယင်းအတိုင်းလည်း ဖြစ်လာပါရေ။ 56သူတော်ကောင်းအကွန်ဆောင်သူရို့၊ သင်ရို့က အာကာနန့်မြီကြီးကို ကြည့်လို့ ရာသီဥတုကို ခန့်မှန်းနိုင်ကတ်တေ။ အဂုလက်ဟိမာ ဖြစ်ပျက်နီရေ အကြောင်းတိ အဓိပ္ပါယ်ကို ဇာတွက်နန့် သင်ရို့ နားမလည်နိုင်ကတ်စွာလဲ။ 57သင်ရို့က မှန်ကန်ရေအရာတိကိုလုပ်ဖို့ ဇာတွက်နန့် သင်ရို့ကိုယ်တိုင် မဆုံးဖြတ်နိုင်ကတ်စွာလဲ။ 58တစ်ယောက်ယောက်က သင်ရို့ကို တရားစွဲကေ တရားရုံးကို မရောက်ခင်ကပင် ပြဿနာအားလုံးကို ဖြေယှင်းနိုင်ဖို့ ကြိုးစားကတ်ပါ။ ယင်းပိုင် မဟုတ်ကေ တရားသူကြီးက သင်ရို့ကို အပြစ်ဟိရေလို့ သတ်မှတ်ဗျာလ် ထောင်မှူးလက်ထဲကို အပ်လို့ သင်ရို့ကို ထောင်မာ အချုပ်ချလိမ့်မေ။ 59သင်ရို့ကို ငါ ပြောမေ။ သင်ရို့ပီးရဖို့ အရာအားလုံးကို ပြန်မဆပ်မချင်း သင်ရို့ ထောင်ထဲကနီ ထွက်ရဖို့မဟုတ်” လို့ မိန့်တော်မူလီရေ။
Currently Selected:
Luke 12: ntpv-rv
ማድመቅ
ያጋሩ
ኮፒ

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ
This translation of the Northern Rakhine Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.